16bit Sensation - Another Layer {MMSUB}


16bitセンセーション ANOTHER LAYER

Episodes - 13

Source - Web manga

Genre - Comedy


Translator/Encoder ~Mei Heartfilia 


Review 

ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီ Anime series လေးရဲ့ အဓိကဇာတ်လိုက် Konoha Akisato ဟာ မိန်းမလှလေးတွေနဲ့ Bishojo ဂိမ်းတွေကို သဘောကျနှစ်သက်တဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဗွီဒီယိုဂိမ်းစတူဒီယိုမှာ အလုပ်ဝင်လုပ်နေပြီး အောင်‌မြင်ကျော်ကြားလာဖို့ ဆန္ဒပြင်းပြခဲ့ပေမဲ့ လက်တွေ့ဘဝဆိုတာကလည်း ကိုယ်မျှော်မှန်းသလို ထပ်တူဖြစ်လာတတ်တဲ့အရာမှ မဟုတ်တာလေနော်။ လက်ရှိမှာတော့ မိုဘိုင်းဂိမ်းတွေ တရှိန်ထိုးလူကြိုက်များနေတဲ့နေရာမှာ သူ့ခမျာ လက်ထောက်ပန်းချီဆရာမလေးအဖြစ်နဲ့ပဲ နောက်ခံအ‌ရံကာရိုက်တာလေးတွေကို အရောင်ခြယ်ပေးနေရရှာပါတယ်။ 

တစ်နေ့မှာတော့ ကိစ္စလေးတွေဖြစ်သွားပြီး ဂိမ်းဆိုင်ပိုင်ရှင်တစ်ယောက်ဆီကနေ Bishojo ဂိမ်းရဲ့ ဂန္တဝင်လက်ရာတစ်ခုကို ရရှိလိုက်ပါတယ်။ အဲဒီဂိမ်းရဲ့ တစ်ချိန်တစ်ခါက ရွှေခတ်ကို ပြန်လည်တွေးတောရင်း Dokyusei ဂိမ်းဘူးကို ဖွင့်လိုက်မိတဲ့အခါမှာတော့ စူးရှတောက်ပတဲ့အလင်းရောင်တွေထွက်လာပြီး အတိတ်ကို ရုတ်ချည်းခုန်ကူးသွားရှာပါတော့တယ်။ အခု 1992 သို့မဟုတ် Bishojo ရဲ့ရွှေခေတ်ကို ရောက်ရှိသွားပါပြီ။ Alcoholsoft လို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း သူသဘောကျတဲ့မိန်းမလှလေးတွေကို ဖန်တီးပုံဖော်ရေးဆွဲနိုင်တော့မှာလား ...? 

ဒီဇာတ်လမ်းလေးက ချစ်စရာမိန်းမလှလေးတွေနဲ့ ပြည့်နှက်နေမယ့် သဘောကျစရာ အူယားစရာ Comedy ဇာတ်မြူးလေးတစ်ပုဒ်ပါ ... ကဲ အခုပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်‌မျှော်ကြည့်ရှုအားပေးလိုက်ကြပါတော့နော်


Link Collection

Episode - 01 (Terabox)

Episode - 02 (Terabox)

Episode - 03 (Terabox)

Episode - 04 (Terabox)

Post a Comment

0 Comments